ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ဖျာပုံမြို့၊ ရေကာတာပျက်စီးနေမှုအား သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ (၀၉၂၀)နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဖျာပုံမြို့၊ ရေကာတာပျက်စီးနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Farmer Phyoyarzar Co.,Ltd နောက်ဘက်ရှိ ကမ်းပြိုနေမှုအား သွားရောက် ကြည့်ရှုခဲ့ပါသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၂၄၅)နာရီအချိန်တွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၄၀၅)နာရီအချိန်တွင် ဒေးဒရဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၁၅ - ၂၀၁၆ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား  ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး (၁၅၃၅)နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

21-Jul-2016