ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့မုဒ်ဦး ဖွင့်ပွဲအခမ်းအနားအားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့၊အမှတ်(၄)ရပ်ကွက်ဇေယျသာရီကွင်းအတွင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါ ရီလ(၁၉)ရက်နေ့ ညနေ ၁၇၀၀ အချိန်တွင် (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့မုဒ်ဦး ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီဝင်များနှင့် ချင်းတိုင်းရင်းသားများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ချင်းတိုင်းရင်းသား ရိုးရာအကပဒေသာကပွဲများအား ကြည့်ရှု့အားပေးခဲ့ပြီး ချင်းတိုင်းရင်းသားများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ထို့‌နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကွင်းအတွင်းဖွင့်လှစ်ပြသထားသောအထိမ်းအမှတ်ပြခန်းများအားလိုက်လံကြည့်ရှု့အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

( မြန်အောင်မြို့နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသော (၇၂)နှစ် မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားအား (၁၉.၂.၂၀၂၀)ရက်နေ့မှ (၂၀.၂.၂၀၂၀)ရက်နေ့ထိ(၂)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ချင်းတိုင်းရင်းသားရိုးရာအကအလှများအပြင် ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကိုလည်း ဖော်ထုတ်ပြသသွားမှာဖြစ်ကြောင်း သိရှိရပါသည်။)

26-Feb-2020