ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စုတွင် ဧက(၁၀၀)စက်မှုလယ်ယာ စနစ်ကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၏ အဓိကကဏ္ဍဖြစ်သောလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း၍ ခေတ်မီနည်းစနစ်များ အသုံးပြုကာ အရည်အသွေးပြည့်မီ သောသီးနှံများထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၁၅၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်
တိုင်း‌ဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုတွင် စက်မှုလယ်ယာဦးစီး ဌာနရန်ပုံငွေ ၁၆၀.၁၀၂ ကျပ်သန်းဖြင့် မိုးတက်လမ်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဧက(၁၀၀)စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လယ်ယာမြေစနစ်ကျဖော် ထုတ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူများအတွက်အမှန်တကယ်အကျိုးရှိစေသောလုပ်ငန်းဖြစ်စေရေး၊အရည်အသွေးပြည့်ဝသောသီးနှံများထုတ်လုပ်နိုင်ရေး၊ ခေတ်မီနည်းပညာများအား တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိရေးနှင့် တောင်သူများလိုက်ပါဆောင်ရွက်နိုင်အောင် အသိပညာပေးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

 

(ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသော စက်မှုလယ် ယာစနစ်ကျဖော်ထုတ်ခြင်းလုပ်ငန်းအား တောင်သူ(၂၆)ဦးတို့၏ လယ်မြေဧက ၁၀၆.၅ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြန်လည်ရရှိမည့်ဧကမှာ ၉၆.၅၈ ဧကဖြစ်ပြီး မြေပြင်အနိမ့်အမြင့်ညှိခြင်း၊ ဧကကွက်ဖော်ထုတ်ခြင်းနှင့် ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ် မြောင်းများအား ခေတ်မီစက်ကိရိယာကြီးများဖြင့် ဆောင်ရွက်လျက်ရှိပြီး မြို့ကွင်းလျှပ််စစ်မြစ်ရေတင် ရေသောက်စနစ်ဖြစ်ပါသည်၊ ထို့သို့ဆောင်ရွက်ခြင်းအားဖြင့် မြေပြင်ခြင်းနှင့် ရေသွင်း/ရေထုတ်လုပ်ငန်းများအပြင် အခြားသောစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့် စိုက်ပျိုးခြင်း/ရိတ်သိမ်းခြင်းလုပ်ငန်းများတွင်လည်း ဧကကွက်ဖော်ထုတ်ထားရှိခြင်းအတွက် စက်ကိရိယာများဖြင့် လျှင်မြန်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အ‌လေအလွင့်များလည်းနည်းပါးလာမည် ဖြစ်ကြောင်းသိရှိရပါသည်။ စီမံကိန်းကာလမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှာ ပြီးစီးမှဖြစ်ကြောင်း သိရှိရပါတယ်။)

26-Feb-2020