ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဆွီဒင်ကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီအများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ အမှုဆောင်များအတွက် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆွီဒင်ကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီအများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ အမှုဆောင်များအတွက် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကြက်ခြေနီ အသိပညာပြန့်ပွားရေး လုပ်ငန်းများကို ယခုထက်ပိုမို ကျယ်ပြန့်စွာ သိရှိစေရန်နှင့် ကြက်ခြေနီလှုပ်ရှားမှုများကို လူအများသိရှိအောင် ဆောင်ရွက်ကြရန်လည်း အရေးကြီးကြောင်း၊ သို့မှသာ ကြက်ခြေနီက ဆောင်ရွက်နေသည့် လူမှုဂရုဏာလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း၊ ပြည်သူတွေအနေနှင့် ကြက်ခြေနီ၏ အကူအညီရယူနိုင်ဖို့ ကြက်ခြေနီက ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတွေကို သိရှိထားရန် အရေးကြီးကြောင်း၊ ယနေ့တက်ရောက်လာြသည့် တိုင်းဒေသကြီး၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ အမှုဆောင်အဖွဲ့ဝင်များ အနေဖြင့် ကြက်ခြေနီအသိပညာများကို တိုင်းဒေသကြီးအတွင်း ကျယ်ပြန့်စွာ ပြန့်ပွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိမြို့နယ် ကြက်ခြေနီအသင်းခွဲ ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းဝင်နှင့် တပ်ဖွဲ့ဝင်အင်အား တိုးပွားရေးတို့အတွက် လူထုအတွင်းမှ ပြည်သူများ ပါဝင်လာအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သိုမှသာ လူထုအတွင်း ကြက်ခြေနီလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာပြီး ရပ်ရွာလူထုကိုယ်တိုင် သဘာဝဘေးအန္တရာယ်ထိခိုက်မှု အခြေအနေများကို လျော့ချနိုင်မည့် ကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများ အနေနှင့်လည်း အသင်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ စွမ်းဆောင်ရည်မြင့်မားသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖြစ်လာစေရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးမှ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါသည်။

Photo By : Wai Zin

18-Feb-2020