ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းစဉ်များအား ဘဏ္ဍာငွေအခြေအနေပေါ်မူတည်၍ စဉ်ဆက်မပြတ်ဦးစားပေးအလိုက်လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိကာ ပညာရေးကဏ္ဍ၏လိုအပ်ချက်များအပေါ် စေတနာရှင်/အလှူရှင်များ၏ပံ့ပိုးမှုများဖြင့်လည်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းမှုများအား ကြိုဆိုလက်ခံအားပေးအသိအမှတ်ပြုမှတ်တမ်းတင်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ (၀၉၀၀)အချိန်တွင် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနား(ပထမပိုင်း)အစီအစဉ်အား မြို့ချောင်းအခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်ဦးအောင် ရွှေနှင့်ဇနီးဒေါ်မြမြလင်းတို့မှ ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ကမ္ပည်းမှတ်တမ်းအား အမွှေးနံ့သာရည်များပက်ဖျန်းခဲ့ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု့ခဲ့ကြပါသည်။

ထို့နောက်အခမ်းအနား(ဒုတိယပိုင်း)အစီအစဉ်အားအခြေခံပညာအလယ်တန်းကျောင်း အတွင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် ကအဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သောကဏ္ဍများအနက် ပညာရေးကဏ္ဍ သည် အဓိကကဏ္ဍတစ်ခုအနေဖြင့်ပါဝင်ပါကြောင်း၊ ပညာရေး/ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘတ်ဂျက်များကိုလည်း ပိုမိုမြှင့်တင်အသုံးပြုလျက်ရှိပြီး ပညာရေးကဏ္ဍ သည် လူ့ဘဝတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ကနေ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ထိ မဖြစ်မနေ လိုအပ်တဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ပညာရေးကို ရင်းနှီးမြုပ်နှံမှုသည် အနာဂတ်တိုင်း ပြည်အတွက် ရင်းနှီးမြုပ်နှံမှုဖြစ်ကာ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် လည်း ရင်းနှီးမြုပ်နှံမှုတစ်ခုထဲတွင်ပါဝင်ပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် ဖွံဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်ဝင်ငွေအကန့်အသတ်ပေါ် မူတည်ဆောင်ရွက်ရပြီး လိုအပ်ချက်ပိုများသော လုပ်ငန်းစဉ်များကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရကာ ဆောင် ရွက်ရန်ကျန်ရှိနေသေးသောနေရာများလည်း ရှိနေပါကြောင်း၊ထိုလိုအပ်ချက်များအပေါ် အလှူ ရှင်များမှ လှုဒါန်းတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာပိတိဖြစ်ရပါကြောင်းနှင့် အားပေးကြိုဆိုပါကြောင်း၊ ဒေသခံပြည်သူလူထုများအနေဖြင့်လည်း အားရဝမ်းသာဖြစ်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ ကျောင်းဆောင်သစ်(၃၀×၆၀) ပေရှိ ကျောင်းဆောင်သစ်အပြင် ပြုပြင်မွမ်းမံရန်လိုအပ်လျက်ရှိသော (၃၀×၉၀)ပေရှိ ကျောင်း ဆောင်ကြီးကိုလည်း ထပ်မံပြုပြင်ခြင်း၊ နှစ်ခန်းတွဲအိမ်သာ၊ လမ်း၊ ကျောင်းသုံးပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများအား လှူဒါန်းပေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါ သည်။
ထို့နောက် ကျောင်းဆောင်သစ်အလှူရှင်မိသားစုမှ အလှူရှင်ဦးအောင်ရွှေက ကျောင်း ဆောင်သစ်လှူဒါန်းရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသ ကြီးပညာရေးမှူးက ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းဆောင်သစ်နှင့်ပတ်သက် သည့် စာရွက်စာတမ်းများအား အလှူရှင်မိသားစုမှ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း၊ အလှူရှင်အားဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းနှင့် ကျေးရွာသူကျေးရွာသားများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်း အနားအားရုတ်သိမ်းခဲ့ပါသည်။

Photo By : Wai Zin

18-Feb-2020