ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်တံတား အမှတ် (၂)တည်ဆောက်ရေးအခြေအနေအား ကြည့်ရှု

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမ်ုးအောင်သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ပုသိမ်တံတား အမှတ် (၂)တည်ဆောက်ရေးစီမံကိန်းရှိရာသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ တံတားတည်ဆောက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ 

ပုသိမ်တံတား အမှတ် (၂)ကို (၂၇.၁၀.၂၀၁၈)ရက်နေ့မှ စတင်တည်ဆောက်နေပြီး တံတားအရှည် (၇၂၅.၅)မီတာ (၂၃၈၀)ပေ၊ ယာဉ်သွားလမ်းအကျယ် (၈.၅)မီတာ (၂၈)ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၁.၅)မီတာ (၅)ပေ၊ တံတားခံနိုင်ဝန် HS 25 Load Class ရှိမည်ဖြစ်ပြီး (၃၀.၉.၂၀၂၀)ရက်နေ့တွင် အပြီးတည်ဆောက်မည်ဖြစ်ကာ ယခုအချိန်တွင် (၆၉)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါသည်။

10-Feb-2020