ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပညာပေးပြခန်းများဖွင့်ပွဲ အခမ်းအနား(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပညာပေးပြခန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက်

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပြည်မနှင့်အတူ တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန်အတွက် တိုင်းရင်းသားပြည်သူများ တညီတညွတ်တည်း လွတ်လပ်ရေး တောင်းဆိုရန် ကတိပြုလက်မှတ်ရေးထိုးကာ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပညာပေးပြခန်းများဖွင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း၌ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်တို့မှ ပညာပေးပြခန်းများအား ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 

Photo By : Wai Zin

10-Feb-2020