ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးလွှတ်တော်ရုံးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီး(၃)ရပ် မားမားမတ်မတ်ရပ်တည်၍ ပြည်သူလူထု များ၏ ကဏ္ဍအသီးသီးအား ထိရောက်လျှင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဧရာ ဝတီတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော အဆောက်အအုံများအား ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၀၉၀၀ အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ် တော်ဥက္ကဌ/ ဒုဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့် သည်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ အရာထမ်း/ အမှုထမ်းများတက်ရောက်ခဲ့ကြပါ သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေ သကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်တို့မှ ဧရာဝတီတိုင်းကြီးလွှတ်တော်ရုံး၊ အဆောက် အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကမ္ပည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ/ ဒုဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမွှေးနံ့သာရည်များပက်ဖျန်းခဲ့ကြကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်မှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်လွှတ်တော်ဥက္ကဌ/ ဒုဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက တိုင်းဒေသကြီး လွှတ်တော်ရုံး၊ အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Photo by : Wai Zin

07-Feb-2020