ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့နယ်၊ အထက(၂)ကျောင်းတွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်အရောင်းပွဲတော် အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကြံခင်းမြို့နယ်၏ ကလေးစာပေပွဲတော်(စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်)ဖွင့်ပွဲအခမ်းအနားအား(၂၆.၁.၂၀၂၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီ အချိန်တွင် ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့်ဆရာ/ ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။ေ

ရှးဦးစွာ ကြံခင်းမြို့နယ်၏ ကလေး စာပေပွဲတော်ဖွင့်ပွဲ အခမ်းအနား(ပထမပိုင်း) အစီအစဉ်အား အထက(၁)ကျောင်းရှေ့ Basket Ball ကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသား/ ကျောင်းသူများခြံရံလျက် ကြံခင်းမြို့နယ်၏ “ကလေးစာပေပွဲတော်” အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။

ထို့နောက် အခမ်းအနား (ဒုတိယပိုင်း) အစီအစဉ်အား အထက(၁)(ကြံခင်း) ကျောင်းရှိ အောင်ကျော်ခန်းမအတွင်း
ဆက်လက်ကျင်းပပြုလုပ်ရာ အထက(၁)(ကြံခင်း)ကျောင်းမှ ကျောင်းသား/ကျောင်း သူလေးများက ကလေးစာပေပွဲတော် (Theme Song)အား သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ကြံခင်းမြို့နယ်၏ ကလေးစာပေပွဲတော်သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ကျင်းပပြုလုပ်သော ကလေးစာပေ ပွဲတော်များ အနက် (၂၀)ခုမြောက်ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉) ရက်နေ့မှ စတင်၍ ယနေ့အထိ ခရိုင်အဆင့်မြို့နယ်(၂)ခု၊ မြို့နယ်အဆင့်(၁၆)ခု၊ မြို့အဆင့် (၂)ခု၊ စုစုပေါင်း (၂၀)မြို့နယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီး အတွင်း ဒီကလေးစာပေပွဲတော်များကို ကလေးများရဲ့အနာဂတ်အတွက် ထုဆစ်ပုံဖော်မှုနှင့် ကလေးများရဲ့ပုံရိပ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တတ်စွမ်းသရွေ့တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သောကလေးတို့ဟာ စာဖတ်ကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက်သူ များဖြစ်လာမည်သာဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်ပြီးခဲ့တဲ့ ကလေးစာပေပွဲတော်များသို့ တစ်နေ့လျှင် အနည်းဆုံး ကျောင်းသား/ ကျောင်းသူ (၆၀၀၀)မှ အများဆုံး (၁၅၀၀၀)ခန့် လာရောက်လေ့လာကြကြောင်းသိရှိရပါကြောင်း၊ ထူးခြားသည်က ကလေးများသာမက ကလေးများ၏ မိဘတော်တော်များများပါ အုပ်ထိန်းသူအနေနဲ့ စောင့်ရှောက်ရန် ပါဝင်လာတာကိုတွေ့ရှိရပြီး ဒီလိုပါဝင်လာရင်းမှ ကလေးစာပေပွဲတော်၏ အနှစ်သာရကိုသိရှိကာ မိမိတို့ရင်သွေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ပုံဖော်ထိန်းကျောင်းရမည်ကို ကိုယ်တိုင်တွေ့မြင်ကြားသိသွားစေခြင်းဟာ ပွဲတော်ကျင်းပရခြင်း၏ ရလဒ်တစ်ခု အဖြစ်သက်သေပြလျက်ရှိပါ ကြောင်း၊ ကလေးစာပေပွဲတော်များမှာ ကလေးများ ဗဟုသုတရရှိစေမည့်ပြခန်းများ အနည်းဆုံးတစ်မြို့နယ်လျှင် (၈)ခန်းမှ(၁၂)ခန်းထိ ခင်းကျင်းပြသလျှက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပြခန်းများထဲမှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံမှထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များ၏မှတ်တမ်း ဓါတ်ပုံများနဲ့ “ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများ” ပြခန်းကို ထည့်သွင်းပြသထားရှိပါ ကြောင်း၊ ဒီပြခန်းများကို ဝင်ရောက်လေ့လာရင်း မိမိတို့တိုင်း‌ဒေသကြီးအတွင်း ထူးချွန် ထင်ရှားတဲ့ ပုဂ္ဂိုလ်များအားမြင်တွေ့သိရှိသွားပြီး ဒီလိုဖြစ်လာအောင်ကြိုးစားချင်စိတ်တွေ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပြသထားခြင်းဖြစ်ပါကြောင်း၊ဒီပြခန်းများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊ စည်ပင်၊ မီးသတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ သက်ဆိုင်ရာစက်မှုလက်မှုကျောင်းများ ၊ လူမှုရေးအသင်းအဖွဲ့မှ ပြခန်းများပါဝင် ပြသထားရှိပြီး ကလေးများအတွက်ဗဟုသုတရရှိစေရန်နှင့် လက်တွေ့ပါဝင်ဆောင်ရွက်နိုင်စေရန်ဆောင်ရွက်ကြသလို ဌာနဆိုင်ရာများကလည်း ကလေးများ အနာဂတ်အတွက် တိုင်းဒေသကြီးအစိုးရနှင့်အတူ ဟန်ချက်ညီညီပူးပေါင်းပါဝင်ခြင်းဟာ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန်အတွက် အားတစ်ခုဖြစ်ပါကြောင်း၊ ဒီကလေးစာပေပွဲတော်များ ကျင်းပခြင်းဟာ နိုင်ငံရဲ့ အနာဂတ်စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်လှပဖွံ့ဖြိုးတိုးတက်စေဖို့ ကျင်းပပေးတာဖြစ်သလို အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစပျိုးပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ထူးခြားသည်ကဒီလိုကလေးစာပေပွဲတော်များကျင်းပရာတွင် ကလေးများကျေးရွာဒေသအသီးသီးကပါ လာရောက်လေ့လာနိုင်ပြီး ပါဝင်ခွင့်ရရှိတာကို တွေ့ရှိရပါကြောင်း၊ ဌာနဆိုင်ရာများကလည်း မိမိတို့လုပ်ငန်းကိစ္စရပ်များမှာ ပြည်သူများပါဝင်နိုင်ရန် ပြသခွင့်ရပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်း၊ နေ့စဉ်ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းသူများအနေဖြင့်လည်း ပါဝင်ရောင်းချခွင့်ရသဖြင့် ဝင်ငွေတိုးပွားရရှိခြင်း အခွင့်အလမ်းများ ရရှိလာမယ်လို့ သုံးသပ်ထင်မြင်မိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒီကလေးစာပေ ပွဲတော်ဟာ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ် အကောင်အထည်ဖော်တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင်အထည်ဖော်ပေးတဲ့ဝန်ကြီး ဌာနများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိမိရပ်ရွာဒေသကို အကျိုးပြုကြသော ငွေအား/လူအားနဲ့ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကျွန်တော်တို့အစိုးရရဲ့“ပြည်သူနဲ့အတူ”ဟူသော ဆောင်ပုဒ်နဲ့အညီ အစိုးရနဲ့ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ကြတဲ့ပွဲတော် ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အထက(ချင်းမြောင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အထက(မျောက်ချောကုန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “လောကအားမာန်”တေးသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခြင်း၊ အမက(ကြို့ပင်စု)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက“ပြည်‌ထောင်စုရဲ့ထာဝရအလှ”တေးသီချင်းဖြင့်‌တေးသရုပ်‌ဖော်ကပြဖျော်ဖြေခြင်း၊ အထက(၁)(ကြံခင်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက“ထာဝရမြန်မာ”တေးသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်၍အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး အထက(၁)(ကြံခင်း) ကျောင်းအတွင်းခင်းကျင်းပြသထားသော ကလေးစာဖတ်ခန်းနှင့်ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။

07-Feb-2020