ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာရှိ ရောင်ခြည်ဦး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူများဖြင့်တွေ့ဆုံခဲ့ပြီး မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှိ ကျွဲခေါင်းကြီးတာကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဘက်စုံ/ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုး တက်၍ လူမှုစီးပွှားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ရက်နေ့ ၁၃၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့ လိုက်ပါလျက် မြန်အောင်မြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာရှိ ရောင်ခြည်ဦး စာကြည့်တိုက်သို့ ရောက်ရှိခဲ့ပြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှကြည့်စာကြည့်တိုက်မဖြစ်စေဘဲ အမှန်တကယ်အသက်ဝင်သော ပြည်သူလူထုများနှင့်မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက် မရှိမဖြစ်သည့် ဗဟုသုတဘဏ်တိုက်ကြီး ဖြစ်စေရေး၊ ရုပ်ပိုင်းဆိုင်ရာအဆောက်အဦသာရှိပြီး အသွင်သဏ္ဍာန်မဖော်ဆောင်နိုင်သည့် စာအုပ်စာစောင်မရှိသော စာကြည့်တိုက်တစ်ခု မဖြစ်စေရေး ဂရုပြုကြရန်နှင့် စာအုပ်စာစောင်များ စုဆောင်းဖြည့်ဆည်းရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုတို့မှ စာကြည့်တိုက်အတွက် ဘက်စုံသုံးရန်ပုံငွေအဖြစ် အလှူငွေ (၅၀၀၀ဝိ/−)ကျပ်ငါးသောင်းတိတိအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှိ ကျွဲခေါင်းကြီးတာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၂၈. ၀၅၀) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျွဲခေါင်းကြီးတာကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့ကာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများမှ လုပ်ငန်းအခက်အခဲများနှင့်ဘတ်ဂျက်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ပြီး ပြည်သူများအတွက် အားကိုးအားထား ဖြစ်စေသော ကမ်းထိန်းလုပ်ငန်းတစ်ခုဖြစ်စေရေးနှင့်သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတစ်ရပ်အဖြစ်လည်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် စေတနာကိုအရင်းခံ၍ အရည်အသွေး ပြည့်မီကောင်းမွန်သည့် လုပ်ငန်းတစ်ခုဖြစ်စေ ရေးအလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

07-Feb-2020