ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ငါးပိဆိပ်ကျေးရွာအုပ် စု၊ငါးပိဆိပ်ကျေးရွာတွင်ငါးပိဆိပ်(အထ က)ကျောင်းအဆင့်တိုးမြှင်ပွဲနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွန်းလာစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်း၊ နောင်အနာဂတ်၏ ကလေးများ ကျောင်းနေပျော်၍ စာတော်စေရေးတို့အား အလေး ထား၍ ကျောင်းများ ရုပ်ပိုင်းဆိုင်ရာ ဥပဓိ ရုပ်ကောင်းမွန်ရေး၊ အန္တရာယ်ရှိကျောင်း ဆောင်များအား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့်အသစ်တည်ဆောက်ခြင်း၊အမိုး/အကာ/အခင်းပြည့်စုံအောင်ဖြည့်ဆည်းခြင်း၊ ကျောင်းအသုံးအဆောင်ပရိဘောဂများ ဖြည့်ဆည်းခြင်းများဆောင်ရွက်ခြင်းနှင့် ကျောင်းအဆင့်များတိုးမြှင့်သတ်မှတ်ခြင်းများအပြင် အနှစ်သာရပြည့်ဝရေးအတွက်လည်း ပညာရေးဝန်ထမ်းများ အင်အားပြည့်မီရေး၊ ဆရာ/ဆရာမများအား အရည်အသွေးမြှင့်သင်တန်းများ ပို့ချပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့ (၀၉၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ ငါးပိဆိပ်ကျေးရွာ အုပ်စု၊ငါးပိဆိပ်ကျေးရွာတွင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲအခမ်း အနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းနှင့်ဇနီး၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်အနားတွင် ငါးပိဆိပ်အခြေခံပညာအထက်တန်းကျောင်းမုခ်ဦးရှေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များက ငါးပိဆိပ် အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနား (ဒုတိယပိုင်း)အား အထကကျောင်းဆောင်အတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူလေးများက “စည်တော်ကြီး” တေးသီချင်းအကအလှများဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အနာဂတ်၏ ကြယ်ပွင့်များမွေးထုတ်ပေးနိုင်ရန်အတွက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ချက်များနှင့် ငါးပိ ဆိပ်အထက်တန်းကျောင်းခွဲအား ငါးပိဆိပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကလေးများ ပညာကိုလွယ်ကူချော့မွေ့စွာ လေ့လာဆည်းပူးနိုင်ရန်အတွက် အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင်ဖွင့်လှစ်‌ပေးနိုင်ခဲ့တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းသာပိတိဖြစ်ရပါကြောင်း၊လက်ရှိအစိုးရသစ်လက်ထက် တွင်ပြုပြင်ပြောင်းလဲထားရှိသောသင်ကြားမှု ပုံသဏ္ဍာန်များနှင့် အသက်မွေးပညာဖော်ဆောင်ထားမှုအခြေအနေများအား အသေး စိပ်ရှင်းလင်းပြောကြားခြင်းနှင့် နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပြည်သူပူးပေါင်းလက်တွဲပြီး အနာဂတ်မျိုးဆက်သစ် လူငယ်များ လူတော်၊ လူကောင်းများ ဖြစ်ပေါ်လာရေးအတွက် စိတ်တူ၊ကိုယ်တူ ပူးပေါင်းဆောင် ရွက်ပါစို့ဟု တိုက်တွန်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးက ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ငါးပိဆိပ်(အထက)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ အထက်တန်း ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအ မှတ်အလံများအား တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများအား ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသောဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ကနောင်မြို့မှ ရွှေကျင်ကျေးရွာသို့ ရာသီမရွှေးအသုံးပြုနိုင်သည့် လမ်းဖောက်လုပ်ပေးစေလိုခြင်းကိစ္စ၊ ဧရာဝတီမြစ်ကမ်း‌ဘေးရေထိန်းနံရံတည်ဆောက်ပေးစေလိုခြင်းကိစ္စနှင့် ငါးပိဆိပ်မြစ်ရေတင် ရေပေးဝေရေးစနစ်အား ပြုပြင်ပေးစေလိုခြင်းကိစ္စများအား တင်ပြဆွေးနွေးခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးတင်အောင်ဝင်းက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များအား ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်း အနားအားရုတ်သိမ်းခဲ့ပါသည်။

07-Feb-2020