ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ရွှေကျင်ကျေးရွာတွင် ရွှေကျင်နယ်မြေမီးသတ်စခန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ရဲကင်းစခန်းများ တိုးချဲ့ဖွဲ့စည်းခြင်း၊ မီးသတ်စခန်းများတိုးချဲ့ဖွဲ့စည်းခြင်းများဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၂၆ရက်နေ့ ၀၈၀၀ အချိန်တွင် မြန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စု၊ ရွှေကျင်ကျေးရွာတွင် ရွှေကျင်နယ် မြေမီးသတ်စခန်းဖွင်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်စွာလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ် တော်ကိုယ်စားလှယ်များက ရွှေကျင်နယ်မြေမီးသတ်စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး မြစ်ဝ(၇)ခုရှိကာ မြစ်ဝကျွန်းပေါင်းများစွာရှိခြင်း၊ မြစ်ခြား/ချောင်းခြားဒေသများစွာရှိ ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ကုန်းလမ်းဖြင့်သွားလာ၍ရသောဒေသများ ရှိသကဲ့သို့ရေလမ်းခရီးဖြင့်သွားလာရသော ဒေသအများအပြားရှိကာ ပြည်သူများမဖြစ်မနေအသုံးပြုနေကြရသော မီးသုံးစွဲမှုများနှင့်ပတ်သက်ပြီး မီးဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်ပါက ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် မီးသတ်တပ်ဖွဲ့များကို နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်း လက်ရှိ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(၁)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး(၆)ရုံး၊ ခရိုင်မီးသတ်စခန်း(၆)စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး(၂၆)ရုံး၊ မြို့နယ်မီးသတ်စခန်း(၂၆)စခန်းနှင့်နယ်မြေမီးသတ်စခန်း(၈၆)စခန်းခွင့်ပြချထားခဲ့ပြီး ယနေ့ဖွင့်လှစ်သည့် ရွှေကျင်နယ်မြေမီးသတ်စခန်းလည်းတစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ နယ်မြေမီးသတ်စခန်းတစ်ခုဖွဲ့စည်းခွင့်ပြုရန်အတွက် ၎င်းဒေသ၏အိမ်ခြေ/အိမ်ထောင်စု၊ လူဦးရေ၊ မြို့ပေါ်/ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာပေါင်း၊ နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံ/ ဈေး/ ရဲစခန်း/ဆေးပေးခန်း၊စာသင်ကျောင်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၊ အရန်မီးသတ်အင်အား၊ အရန်မီးသတ်စခန်း၊ မီးသတ်စခန်းမြေနေရာရှိ/မရှိ၊ ကိုယ့်အားကိုယ်ကိုးမီးသတ်ယာဉ်ဝယ်ယူနိုင်ခြင်းရှိ/မရှိ၊ (၁၀)နှစ်အတွင်း မီးလောင်မှုအခြေအနေ၊ မီးလောင်မှုဖြစ်ပွှားလျှင် လာရောက်ကူညီနိုင်သည့် အနီးဆုံးမီးသတ်စခန်း၊ ထိစပ်နေသောဒေသနှင့် ခရီးမိုင်အကွာအဝေး၊ အကျိုးသက်ရောက်မှုရှိသောကျေးရွာအုပ်စု/ဒေသများစသည်အချက်များဖြင့်ကိုက်ညီသော နေရာဒေသများဖြစ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၁၁၂.၅၀)ကျပ်သန်းဖြင့် ရွှေကျင်နယ်ရှေိသောကျေးရွာအုပ်စု/ဒေသများစသည်အချက်များဖြင့်ကိုက်ညီသော နေရာဒေသများဖြစ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၁၁၂.၅၀)ကျပ်သန်းဖြင့် ရွှေကျင်နယ်မြေမီးသတ်စခန်းအား ခွင့်ပြုချထားပေးခဲ့သည့်အပြင် ကျပ်သိန်း(၃၀)ဖြင့် ရေသယ်ယာဉ်(၁)စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အရာရှိ(၁)ဦးနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်(၂)ဦးတို့ကိုလည်း တာဝန်ချထားပေးခဲ့ပြီး ပြည်သူလူထုများအတွက် မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်၊ လုပ်ငန်းစဉ်(၇)ရပ်တို့ကို အကောင်အထည်ဖော်၍ အချိန်နှင့်တပြေးညီတာဝန်ထမ်းဆောင်နေကြမှာကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်အလိုက် မီးလောင်မှုရာခိုင်နှုန်းများလျော့ကျ၍ ဆုံးရှုံးမှုတန်ဖိုးများလျော့နည်းရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့ဖွဲ့စည်းပေးလျက်ရှိပါကြောင်း၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအောက်တွင် ပြည်သူများနှင့်ပူးပေါင်းပြီး ဟန်ချက်ညီညီအကောင်အထည်ဖော်တာဝန်ထမ်းဆောင်ကြသည့်အတွက် မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုများ သိသိသာသာလျော့နည်းလာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါကြောင်း၊ မီးသတ်စခန်းများဖွင့်လှစ်နိုင်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ မီးဘေးလုံခြုံရေး/ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်ဘဏ္ဍာငွေများကျခံသုံးစွဲပြီး တည်ဆောက်ပေးခဲ့သော မီးသတ်စခန်းအဆောက်အအုံများ၊ မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများ ရေရှည်တည်တံ့ကောင်းမွန်ရန် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုအပ်ပါကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဟူသောစကားသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း “သင့်ကြောင့်မီးမလောင်ပါစေနှင့်ဟူသော” ဆောင်ပုဒ်နှင့်အညီ “မိမိကြောင့် မီးမလောင်စေရ”ဟူသောစကားကို လက်ကိုင်ထား၍ တိုင်းဒေသကြီးတစ်ခုလုံး မီးဘေးအန္တရာယ်ဆိုးမှ အစဉ်ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သနိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပြီး ရွှေကျင်နယ်မြေမီးသတ်စခန်းအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။