ရေကြည်မြို့နယ်တွင် ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ရေကြည်မြို့နယ်၏ ကလေးစာပေပွဲတော် (စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်) ဖွင့်ပွဲအခမ်းအနားအား (၂၄.၁.၂၀၂၀)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၌ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရေကြည်)တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ရေကြည်မြို့နယ်၏ ကလေးစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနား(ပထမပိုင်း) အစီအစဉ်အား အထက(ရေကြည်)ကျောင်းရှေ့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား/ ကျောင်းသူများ ခြံရံလျက် ရေကြည်မြို့နယ်၏ “ကလေးစာပေပွဲတော်”အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံများရိုက်ကူးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေကြသည့် ကျောင်းသား/ကျောင်းသူများ၏ အက၊ အလှအဖွဲ့များအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။

ထို့နောက် အခမ်းအနား (ဒုတိယပိုင်း)အစီအစဉ်အား အထက(ရေကြည်)ကျောင်းရှိ တေဇာသီရိခန်းမအတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ အထက(ရေကြည်)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် (Theme Song)အား သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ရေကြည်မြို့နယ်၏ ကလေးစာပေပွဲတော်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်များအနက် (၁၉)ခုမြောက်ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉) ရက်နေ့မှ စတင်၍ ယနေ့အထိ ခရိုင်အဆင့်မြို့နယ်(၂)ခု၊ မြို့နယ်အဆင့်(၁၅)ခု၊ မြို့အဆင့် (၂)ခု၊ စုစုပေါင်း(၁၉)မြို့နယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း ဒီကလေးစာပေပွဲတော်များကို ကလေးများရဲ့ အနာဂတ်အတွက် ထုဆစ်ပုံဖော်မှုနှင့် ကလေးများရဲ့ ပုံရိပ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့ တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သော ကလေးတို့ဟာ စာဖတ်ကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက်သူများ ဖြစ်လာမည်သာဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်ပြီးခဲ့တဲ့ ကလေးစာပေပွဲတော်များသို့ တစ်နေ့လျှင် အနည်းဆုံး ကျောင်းသား/ ကျောင်းသူ (၆၀၀၀)မှ အများဆုံး (၁၅၀၀၀)ခန့် လာရောက် လေ့လာကြသည်ကိုကြားသိရှိရပါကြောင်း၊ ထူးခြားသည်က ကလေးများသာမက ကလေးများ၏ မိဘတော်တော်များများပါ အုပ်ထိန်းသူအနေနဲ့ စောင့်ရှောက်ရန် ပါဝင်လာတာကို တွေ့ရှိရပြီး ဒီလိုပါဝင်လာရင်းမှ ကလေးစာပေပွဲတော်၏ အနှစ်သာရကိုသိရှိကာ မိမိတို့ရင်သွေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ပုံဖော်ထိန်းကျောင်းရမည်ကို ကိုယ်တိုင်တွေ့မြင် ကြားသိသွားစေခြင်းဟာ ပွဲတော်ကျင်းပရခြင်း၏ ရလဒ်တစ်ခုအဖြစ် သက်သေပြလျက်ရှိပါကြောင်း၊ ကလေးစာပေပွဲတော်များမှာ ကလေးများ ဗဟုသုတရရှိစေမည့်ပြခန်းများ အနည်း ဆုံ းတစ်မြို့နယ်လျှင် (၈)ခန်းမှ(၁၂)ခန်းထိ ခင်းကျင်းပြသလျှက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပြခန်းများထဲမှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံမှ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များ၏ မှတ်တမ်းဓါတ်ပုံများနဲ့ “ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများ” ပြခန်းကို ထည့်သွင်းပြသထားရှိပါကြောင်း၊ ဒီပြခန်းများကို ဝင်ရောက်လေ့လာရင်း မိမိတို့တိုင်း‌ဒေသကြီးအတွင်း ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များအား မြင်တွေ့သိရှိသွားပြီး ဒီလိုဖြစ်လာအောင်ကြိုးစားချင်စိတ်တွေ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပြသထားခြင်းဖြစ်ပါကြောင်း၊ဒီပြခန်းများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စည်ပင်၊ မီးသတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သက်ဆိုင်ရာစက်မှုလက်မှုကျောင်းများ ၊ လူမှုရေးအသင်းအဖွဲ့မှ ပြခန်းများပါဝင် ပြသထားရှိပြီး ကလေးများအတွက် ဗဟုသုတရရှိစေရန်နှင့် လက်တွေ့ပါဝင်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ကြသလို ဌာနဆိုင်ရာများကလည်း ကလေးများ အနာဂတ်အတွက် တိုင်းဒေသကြီးအစိုးရနှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ခြင်းဟာ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန်အတွက် အားတစ်ခုဖြစ်ပါကြောင်း၊ ဒီကလေးစာပေပွဲတော်များ ကျင်းပခြင်းဟာ နိုင်ငံရဲ့ အနာဂတ်စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်လှပဖွံ့ဖြိုးတိုးတက် စေဖို့ကျင်းပပေးတာဖြစ်သလို အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစပျိုးပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ထူးခြားသည်က ဒီလိုကလေးစာပေပွဲတော်များကျင်းပရာတွင် ကလေးမျာ ကျေးရွာဒေသအသီးသီးကပါ လာရောက်လေ့လာနိုင်ပြီး ပါဝင်ခွင့်ရရှိတာကို တွေ့ရှိရပါကြောင်း၊ ၊ဌာနဆိုင်ရာများကလည်း မိမိတို့လုပ်ငန်းကိစ္စရပ်များမှာ ပြည်သူများ ပါဝင်နိုင်ရန် ပြသခွင့်ရပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်း၊ နေ့စဉ်ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းသူများအနေဖြင့်လည်း ပါဝင်ရောင်းချခွင့်ရသဖြင့် ဝင်ငွေတိုးပွားရရှိခြင်း အခွင့်အလမ်းများ ရရှိလာမယ်လို့ သုံးသပ်ထင်မြင်မိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒီကလေးစာပေပွဲတော်ဟာ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ်အကောင်အထည်ဖော်တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင်အထည်ဖော်ပေးတဲ့ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိမိရပ်ရွာ ဒေသကို အကျိုးပြုကြသော ငွေအား/လူအားနဲ့ ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကျွန်တော်တို့အစိုးရရဲ့“ပြည်သူနဲ့အတူ”ဟူသော ဆောင်ပုဒ်နဲ့အညီ အစိုးရနဲ့ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ကြတဲ့ပွဲတော် ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အထက(ငါးသိုင်းချောင်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများမှ“ပြိုင်စံရှားတဲ့ဒိုးကလေး”တေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ အမက(ရွှေဂုဏ်တန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “လောကအားမာန်”တေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ အထက(မြို့မ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက“မလေးလက်ခတ်သံ”တေးသီချင်း ဖြင့်ဖျော်ဖြေခြင်း၊ အထက(ရေကြည်)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက“အလှ ကမ္ဘာမြေ”တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး အထက (ရေကြည်)ကျောင်းအတွင်း ခင်းကျင်းပြသထားသော ကလေးစာဖတ်ခန်းနှင့်ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။

Photo by : Wai Zin

07-Feb-2020