ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့၊ ညနေ (၁၄၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယနေ့အစည်းအဝေးတွင် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း၊ လိုင်စင်အသစ်တင်ခြင်းစသည့် ကိစ္စရပ်များအပြင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကမ်းခြေသန့်ရှင်းသာယာလှပရေးကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးသွားကြရန်ဖြစ်ကြောင်း၊ တက်ရောက်လာကြသော ကော်မတီဝင်များ အနေဖြင့်လည်း လိုအပ်ချက်များအပေါ် အားနည်းချက် / အားသာချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန်လည်း လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး ကော်မတီဝင်များမှ အကောင်းဆုံးအကြံပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၁၉)အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ရယူရန် တင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပါသည်။

Photo by : Wai Zin

07-Feb-2020