သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူး၍ ကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းဆင်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိတိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များမှ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ ဖွင့်လှစ်ပေးကြပြီး ပုသိမ်မြို့၊ နိဂြောဓါရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ သြဝါဒ ကထာနာယူကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းအတွက် ထောက်ပံ့နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပါသည်။ ဆက်လက်၍ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများမှ သင်တန်းဆင်းသံဃာတော်များအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြပါသည်။

17-Dec-2019