ဒီဇင်ဘာလူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို နံနက်(၀၅:၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှ စတင်ပြီး Green Land အိမ်ရာအဝိုင်းသို့ စုပေါင်းလမ်းလျှောက်ကြကာ စုပေါင်းကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် အတူ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မိဘ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

17-Dec-2019