ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပန်းတနော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍အရည် အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်နှင့်ကလေးတွေရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင်/သိစေချင်တဲ့အတွက် ငယ်ရွယ်သောကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွှားလာစေ ရန်ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြိုဖများပူးပေါင်းစီစဉ်ကျင်းပသော “ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်” ဖွင့်ပွဲအခမ်းအနား အားကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပန်းတနော်မြို့၊ အထက(၁)၊ စံပယ်ဆောင်ရှေ့ကွင်းပြင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် လွှတ်တော်အရပ်ရပ်မှလွှတ် တော်ကိုယ်စားလှယ်များက ကျောင်းသား/ကျောင်းသူများ (၂၀၀)ဦးခြံရံ၍ ပန်းတနော်မြို့နယ်၏ “ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်”အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အား အထက(၁)၊ မြတ်ပညာခန်းမအတွင်း ဆက်လက်ကျင်းပရာ ပန်းတနော်မြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီချင်းအား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပန်းတနော်မြို့နယ်၏ ကလေးစာပေပွဲတော်မှာ ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့ လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများဖြစ်လာစေရန်၊ ပညာဗဟု သုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင် သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ကလေးစာပေပွဲတော် နှင့်ပတ်သက် ၍ ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံတော်အဆင့်ကလေး စာပေပွဲတော်ကို ၂၀၁၈ခုနှစ်၊နိုဝင်ဘာလ( ၃)ရက်နေ့မှ( ၅ )ရက်နေ့အထိ စည်ကား သိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့တာကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ အလားတူခရိုင်အဆင့်အနေနဲ့ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်တို့မှာလည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကလေးစာပေပွဲတော်များ ကျင်းပပေးတဲ့အတွက် ကလေးများရဲ့အနာဂတ်ကို ထုဆစ်ပုံဖော်မှုနဲ့ ကလေးများရဲ့ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ် စွမ်းသရွေ့ တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ အရုပ်ကလေး တစ်ရုပ်ကို ထုဆစ်ဖို့အတွက် အသားကောင်းကောင်း ရှာရမှာဖြစ်သကဲ့သို့ အနာဂတ်အတွက် အရည်အသွေးမြင့်မားတဲ့ စာပေမှာမွေ့လျော်လာစေရန်နှင့်ကလေးများအတွက် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပါကြောင်း၊ကလေး စာပေဆိုသည်မှာကလေးများကို စာအုပ် စာပေတို့နှင့် ရင်းနှီးကျွမ်းဝင်သွားအောင် ဆွဲဆောင်ပေးသည့် စာပေများဖြစ်ပြီး ဆိုဆုံးမခြင်း ၊ ပညာပေးခြင်းတို့ထက် ကလေးဘဝကပင်စာကိုချစ်တတ်၊ တွယ်တာတတ်သူများဖြစ်လာ အောင်စွမ်းဆောင်ပေးရသည့် ကလေးကြိုက်စာပေများဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သော ကလေးတို့သည် စာဖတ်သည့် အလေ့အကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက် ကြမည်သာဖြစ်ပါကြောင်း၊ သာဓကအားဖြင့် ဒုတိယ ကမ္ဘာစစ်အပြီးတွင် မွေးဖွားလာသော ဂျပန်နိုင်ငံ၏ မျိုးဆက်သစ်များမှစ၍ စာဖတ်ခြင်းအလေ့အထကို အောင်မြင်စွာဆောင်ရွက် ပေးနိုင်မှုကြောင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်ခု ဖြစ်လာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်နိုင်ပါကြောင်း၊ ကလေးစာပေများက လူမျိုးသစ်တစ်ခုကို မွေးဖွားပေးလိုက် ခြင်းဟုပင် ခေါ်ဆိုနိုင်ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့တာဝန်ရှိသူများအနေဖြင့် ကျွန်တော် တို့ နိုင်ငံရဲ့အနာဂတ်မှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဘို့ နိုင်ငံတော်ရဲ့အနာဂတ်လှပ သာယာဖွံ့ဖြိုးတိုးတက်စေဘို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးခဲ့တာဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစပျိုး ပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၅)ခုအနက် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ မြို့နယ်အဆင့်ကလေးစာပေပွဲတော်များကို ကျင်းပခြင်းဟာ ပထမဦး ဆုံးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ် အတွက် တစ်မြို့နယ်ကို ကျပ်သိန်း(၃၀)စီ ပံ့ပိုးပေးခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြို့နယ်တိုင်းကို ကလေးများအတွက် ကလေးစာပေစာအုပ် (၇၀၀)စီနှင့် MRTV ၊ မြန်မာ့ အလင်း၊ကြေးမုံသတင်းစာ၊ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ MOIနှင့် Myanmar Digital News တို့တွင် ကြော်ငြာများ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိသလို ပန်းတနော် မြို့နယ်အနေနဲ့လည်း မိမိတို့မြို့မှာ ကျင်းပတဲ့ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် အဖက် ဖက်က ပြည့်ပြည့်စုံစုံဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ (၂၆)မြို့နယ် ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉)ရက်နေ့တွင် ချောင်းသာမြို့၌ စတင် ကျင်းပခဲ့ခြင်း၊ ဇလွန် ၊အိမ်မဲ ၊ဓနုဖြူ၊ကျိုက်လတ်၊မော်လမြိုင်ကျွန်း၊သာပေါင်း၊ လေးမျက်နှာ၊ မြောင်းမြမြို့နယ်တို့တွင်ကျင်းပခဲ့ပြီးကြိတ်ကြိတ်တိုးစည်းကားခဲ့ကြပြီးနောင်နှစ်များမှာလည်း ဒီလိုကလေးစာပေပွဲတော်များ ကျင်းပပေးစေလိုကြောင်းဒေသခံများကတောင်းဆိုကြကြောင်း သိရတဲ့အတွက် မတည်ဦးဆောင်ကျင်းပပေးတဲ့ ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ အထူးပြောကြားလိုတာကတော့ ဒီကလေးစာပေ ပွဲတော်များဟာ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ်အကောင်အထည်ဖော် တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက်ရည်ရွယ်ချက်ကောင်းတွေနဲ့အကောင်အထည်ဖော်ပေးတဲ့ ဝန်ကြီးဌာန၊တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ၊ မိမိရပ်ရွာ ဒေသကိုအကျိုးပြုကြသော ငွေအား၊ လူအားနဲ့ ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊အထူးတလည်မှာကြားလိုတာကတော့ ဒီကလေးစာပေပွဲတော် များကျင်းပပြီးစီးတာနဲ့ ပွဲပြီးမီးသေသဘောမထားကြဘဲပြည်သူများက မိမိတို့နဲ့လက်လှမ်းမီ ရာကစပြီးကလေးများဘဝစာပေဖတ်ရှုမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်း တွေကို ဆက်လက်ထိန်းကျောင်းပေးကြစေလိုပါကြောင်း တိုက်တွန်းမှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ကျေးဇူးတင်စကားပြောကြားခြင်း များဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပန်းတနော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade(1) ကျောင်းသား/ကျောင်းသူလေးများကဗိုလ်ရှု့သဘင်တေးသီချင်းဖြင့်ကပြဖျော်ဖြေခြင်း၊အထက (မရမ်းကုန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက လောကအားမာန်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊အထက(၂)ကျောင်းသူလေးများကမြန်မာ့ကြွေးကြော်သံအဆိုအကများဖြင့် လည်းကောင်းဖျော်ဖြေတင်ဆက်၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့များ၊ ဧည့်သည်တော်များက ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ အားလှည့်လည်ကြည့်ရှု့ခဲ့ပြီးပြိုင်ပွဲဝင်ကလေးများအားအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ ပါသည်။

ယနေ့ ပန်းတနော်မြို့နယ်တွင်ဖွင့်လှစ်သော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲ နှင့်စာအုပ်ဈေးရောင်းပွဲကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့ နံနက် (၉)နာရီမှ (၅)နာရီအထိ ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး ပွဲတော်တွင်ခင်းကျင်းပြသထားသောပြခန်းများမှာ ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများပြခန်း၊ဦးသန့်(ကမ္ဘာ့ကုလသမဂ္ဂအထွေ‌ထွေအတွင်းရေးမှူးချုပ်ဟောင်း)ပြခန်း၊ပညာရေးသင်ထောက်ကူပြခန်း၊ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၊ဒေသထွက်သင်ဖြူးဖျာနှင့်ကြိမ်ထည်ပြခန်း၊ကွန်ပျူတာနည်းပညာပြခန်း၊ကျန်းမာရေးပညာပေးပြခန်း၊ ရဲတပ်ဖွဲ့မှုခင်းအသိပညာပေးပြခန်း၊ မီးသတ်ဌာနပြခန်းများ၊ ပန်းချီပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ အရုပ်ဆက်ပြိုင်ပွဲ၊အားကစားပြိုင်ပွဲများ၊ စာအုပ်စာပေအရောင်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး ပွဲတော်တွင် မည်သူမဆိုပါဝင်ဆင်နွဲနိုင်ပါသည်။

Photo By : Wai Zin

17-Dec-2019