ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ရှိသင်တန်းခန်းမတွင် စက်မှုလယ်ယာနည်းပညာ ( Farm Machinery ) ဒီပလိုမာသင်တန်းသစ်၏ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေး/ မွေးမြူရေးကဏ္ဍ၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍနှင့် လူစွမ်းအားအရင်းအမြစ်ကဏ္ဍစသော ကဏ္ဍအသီးသီးအား ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ၁၃၃၀ အချိန်တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ရှိသင်တန်းခန်းမတွင် စက်မှုလယ်ယာနည်းပညာ ( Farm Machinery ) ဒီပလိုမာသင်တန်းသစ်၏ သင်တန်းဖွင့်ပွဲအား ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိဏ်းကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားဆက်လက်ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အမှန်တကယ် လိုအပ်သော လယ်ယာခွင်လုပ်ငန်းသုံး စက်ကိရိယာများနှင့်ပတ်သက်၍ စနစ်တကျပြုပြင်ထိန်းသိမ်းနိုင်သော ကျွမ်းကျင်ပညာရှင်/ အတတ်ပညာရှင်များပေါ် ထွက်လာစေရန်အတွက် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်မှစတင်၍ အစိုးရနည်းပညာကောလိပ် (ရွှေဘို)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မနှင့်ကျိုက်လတ်)တို့တွင် စက်မှုလယ်ယာနည်းပညာ ဒီပလိုမာသင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ခေတ်နှင့်အညီ အသုံးပြုလျက်ရှိသော လယ်ယာသုံးစက်ကိရိယာများနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုများနှင့် စနစ်တကျပြုပြင်ထိန်းသိမ်းတတ်ပြီး အကောင်းဆုံး ကိုင်တွယ်ဆောင်ရွက်နိုင်မည့် ကျွမ်းကျင်အသိပညာရှင်၊ အတတ်ပညာရှင်များ မဖြစ်မနေလိုအပ်လျက်ရှိနေမှုအပေါ် ယနေ့ ဖွင့်လှစ်လိုက်သော သင်တန်းမှ အထောက်အပံ့ဖြစ်မယ်လို့ ယုံကြည်ပါကြောင်း၊ နောင်လာမည့်နှစ်တွင်လည်း ကောလိပ်နှင့်သိပ္ပံကျောင်းများတွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်မယ်လို့သိရှိရတဲ့အတွက်လည်း များစွာဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံရဲ့စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်အသင့်ရှိပါ ကြောင်း၊ စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရာတွင် အချိန်ကိုက်ရိတ်သိမ်းဆောင်ရွက်နိုင် သည့်အတွက် လုပ်ငန်းတွင်ကျယ်ခြင်း၊ လုပ်သားရှားပါးမှုပြဿနာကို ကျော်လွှားနိုင်ခြင်း၊ အလေအလွင့်နည်းပါးစွာဆောင်ရွက်နိုင်ခြင်း၊ ထွန်ယက်ချိန်မှရိတ်သိမ်းပြီး ဈေးကွက်ရောက် သည်အထိ စက်ကိရိယာများကို အသုံးပြုတဲ့အတွက် အချိန်ကုန်သက်သာစွာဆောင်ရွက်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိလာနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့သင်တန်းတွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းတွေကို စက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့်စက်မှုလယ်ယာစက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းများ/ကုမ္ပဏီများ ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ကွင်းဆင်းလေ့လာ၍ လိုအပ်ချက်များအပေါ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိစက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ရေဆင်းတက္ကသိုလ်မှတာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သက်ဆိုင်သည့်ဘာသာရပ်အဖွဲ့ဝင်များမှ အသေးစိပ်ညှိနှိုင်း ရေးဆွဲခဲ့ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ အတည်ပြုထားကြောင်းသိရတဲ့အတွက် အမှန်တကယ်မြေပြင်တွင် လိုအပ်သော လိုအပ်ချက်များအား ထည့်သွင်းရေးသားဆောင်ရွက်ထားတဲ့အတွက် ပညာရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းသားများအနေဖြင့်လည်း စနစ်တကျလေ့လာသင်ယူကြဖို့ မှာကြားလိုပါကြောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံ ( ကျိုက်လတ်၊ ဝါးခယ်မ)တွင် စက်မှုလယ်ယာနည်းပညာ A.G.T.I (၃)နှစ် ဒီပလိုမာ သင်တန်းကို ဖွင့်လှစ်သင်ကြားနိုင်အောင်ဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိသူအားလုံးတို့အား အားလုံးရဲ့ကိုယ်စား တိုင်းဒေသကြီးအစိုးရအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံရဲ့ စက်မှုလယ်ယာကဏ္ဍကို ဒေသတွင်းနိုင်ငံများနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌဒေါက်တာမျိုးကြွယ်က အမှာစကားဆက်လက်ပြောကြားခဲ့ပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။

ထို့နောက် စက်မှုလယ်ယာနည်းပညာ ( Farm Machinery ) ဒီပလိုမာသင်တန်းသစ် သင်ကြားမည့် သင်တန်းခန်းမနှင့်အလုပ်ရုံအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိဏ်းကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌဒေါက်တာမျိုးကြွယ်၊ ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှု‌ရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဒီပလိုမာသင်တန်းသို့ တက်ရောက်သင်ယူလေ့ကျင့်မည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပြသမည့် ဆရာ/ဆရာမများအားတွေဆုံအားပေးခဲ့ကာ အသုံးပြုသင်ကြားပို့ချမည့် ပြဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

( အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိဏ်း ကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားမူဝါဒကော်မရှင် ဥက္ကဌနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရပ်ပြဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက် ရောက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကျိုက်လတ်မြို့နယ်၊ ဆူးကနန်းကျေးရွာအုပ်စုရှိ တောင်သူဦးတင်နွယ်ဦး၏လယ်ကွက်တွင် စိုက်ပျိုးရေးဦးစီး ဌာနမှ ဂျစ်ဆွဲတန်း‌ဖော်စိုက်ပျိုးရေးနည်း စနစ်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုအား ပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂျစ်ဆွဲတန်းဖော်စိုက်ပျိုးရေးနည်းစနစ် အသုံးပြုစိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အကျိုးရလာဒ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုအပေါ် တောင်သူများအတွက် အမှန်တကယ်အကျိုးစီးပွှားတိုးပွှားစေမည့်လုပ်ငန်းဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

17-Dec-2019