ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အောက်တိုဘာလ (၄)ရက်နေ့၊ (၁၀၃၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးအတွက် တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ ခရိုင်လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ မြို့နယ်လုပ်ငန်းအရည်အသွေး စစ်ဆေးရေး ကော်မတီများကို ပြည်ထောင်စု၏ လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းရမှာဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီစတင်ပြီး အချိန်မီပြီးစီးနိုင်ရန် လိုအပ်ကြောင်း၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရန်အတွက် သက်ဆိုင်ရာဌာန အကြီးအကဲများတွင် အပြည့်အဝ တာဝန်ရှိကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်တွင် အကြိုအင်ဂျင်နီယာလုပ်ငန်းများ လုပ်ငန်းခွင့်သို့ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်နိုင်မှုမရှိခြင်း၊ စစ်ဆေးချက်မှတ်တမ်းများ အသေးစိတ်မရှိခြင်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းများ တွေ့ရှိရကြောင်း၊ ကြိုတင်ပြင်ဆင်လေ့လာမှုမရှိဘဲ အောက်ခြေအဆင့်မှ ရေးဆွဲလျာထား တင်ပြမှုအပေါ် စိစစ်ကြပ်မတ်ရန် ပျက်ကွက်ခဲ့သည့်အတွက် Design ပြောင်းလဲခြင်း၊ ပြုပြင်ခြင်းများကြောင့် လုပ်ငန်းကြန့်ကြာမှုဖြစ်ရကြောင်း၊ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ယခင်နှစ်ကဲ့သို့ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရရှိသည့် ဘတ်ဂျက်အပေါ် မည်သို့ မည်ပုံ တင်ဒါခေါ်မည်၊ လုပ်ငန်းစတင်မည်၊ လုပ်ငန်းကြီးကြပ်မည်၊ လုပ်ငန်းပြီးစီးမည်ကို Work Schedule ​ရေးဆွဲပြီး Time Frame ချမှတ်ကာ တင်ဒါ SOP ၊ ဘဏ္ဍာ​ရေး SOP နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ တင်ဒါပြီးစီးပြီး လုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာလည်း စဉ်ဆက်မပြတ်ကြီးကြပ်ရန် လိုအပ်ကြောင်း၊ ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများကို အချိန်မီ ပြီးစီးရန်အတွက် ကြိုတင်ကွင်းဆင်းဇုန်၊ နယ်မြေဒေသအပေါ် မူတည်၍ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရန်၊ အချိန်မီတင်ဒါခေါ်ယူရန်၊ တင်ဒါခေါ်ယူပြီးပါက နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့်အညီ သက်ဆိုင်ရာဌာန အကြီးအကဲများမှ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရန် အမှာစကား ပြောကြားသည်။

 

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပါသည်။

04-Oct-2019