ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ အထက (၁)ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲတက်ရောက်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသေးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့ရသူ၊ အသက် (၁၀)နှစ်မှ (၁၄)နှစ်အရွယ် ကလေးများအား ပညာရေးအခွင့်အလမ်းများ ထပ်မံဖြည့်ဆည်းပေးသည့် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်ကစပြီး ပညာရေး ဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ ပုသိမ်မြို့နယ်တွင် စမ်းသပ်ဆောင်ရွက်ခဲ့ရာ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဖွင့်လှစ်မည့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲကို ပုသိမ်မြို့၊ အထက (၁)ရတနာတန်ဆောင်ခန်းမ၌ (၂၃.၈.၂၀၁၉)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှ်မျန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားခြားနားသည့် ဘဝနောက်ခံအသီးသီးရှိကြသလို စွမ်းရည်အမျိုးမျိုးလည်း ရှိနေကြောင်း၊ ကလေးများ၏ ဘဝအတွက် တာဝန်ခံမှု ကတိကဝတ်ရှိကြသူများမှာ တာဝန်သိ၊ တာဝန်ရှိ လူကြီးမင်းများပင် ဖြစ်ပါကြောင်း၊ ကလေးများအတွက် ပညာသင်ပေးခြင်းသည် အလွန်ထူးကဲမွန်မြတ်သည့် ပညာဒါနဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေနှင့် စွမ်းဆောင်နိုင်သည့်ဘက်မှ စွမ်းဆောင်နိုင်သလောက် ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံပါကြောင်း၊ ကျောင်းပြင်ပ ညာရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် မြို့နယ်အသီးသီးမှလည်း တာဝန်သိသိ ဇွဲရှိရှိနှင့် ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပညာရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်း၊ ဆရာ/ဆရာမများအနေနှင့်လည်း ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်းသည် မိမိတို့အခြေခံကျောင်းများတွင် အခက်အခဲ အမျိုးမျိုးကြောင့် တက်ခွင့်မရသည့် ကလေးများအတွက် ဆောင်ရွက်ပေးနေသော ပညာရေးလုပ်ငန်းဖြစ်ကြောင်း သိရှိသဘောပေါက်ပြီး တာဝန်ရှိသည့် လုပ်ငန်းအဖြစ်ခံယူကာ စေတနာထက်သန်စွာဖြင့် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ သူ့ထိုက်နှင့်သူ့ကံ သဘောမျိုးနှင့် လစ်လျှူရှုမထားသင့်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း စာတတ်ပေတတ် ပညာတတ်လေးတွေ ဖြစ်လာမည်ဆိုပါက သူတို့တစ်ဦးချင်းအတွက်သာမက တိုင်းပြည်အတွက်လည်း အကျိုးရှိမည်ဟု ခံယူကာ ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက မြို့နယ်အုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးခန့်အပ်လွှာများ ပေးအပ်ကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်းသူတစ်ဦးနှင့် ကျောင်းပြင်ပ မူလတန်း ပညာရေးသင်တန်း ဆရာမတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
Photo By : Wai Zin