ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၏ ကျက်သရေတော်ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၆၇)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်သီလရှင်ဝတ်စုံကပ်လှူပူဇော်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေတော်ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၆၇)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်သီလရှင်ဝတ်စုံကပ်လှူပူဇော်ပွဲ အခမ်းအနားကို ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ (၁၇.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသော ဧည့်ပရိတ်သတ်များမှ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ငါးပါးသီလံ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဦးစီးပဓာန နာယက၊ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားကာ ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းများ ပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။

Photo by : Wai Zin

18-Jul-2019