ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဖျာပုံခရိုင် အတွင်းရှိ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် (ထက်/လယ်/မူ)ကျောင်းအုပ်ကြီးများ တွေ့ဆုံ ပွဲ အခမ်းအနားသို့တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဖျာပုံခရိုင် အတွင်းရှိ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် (ထက်/လယ်/မူ)ကျောင်းအုပ်ကြီးများ တွေ့ဆုံ ပွဲ အခမ်းအနားကို၂၀၁၉ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့(၁၀၀၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ (သီရိအဏ္ဏဝါခန်းမ)တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၊ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကတိုင်း/ ခရိုင်း/မြို့နယ်အဆင့် ပညာရေးမှူးများနှင့် ထက်/လယ်/မူကျောင်းအုပ်ကြီးများအား
လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် တက်ရောက်လာကြသော ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ထက်/လယ်/မူကျောင်းအုပ်ကြီးများအနေဖြင့် ပြည်ထောင်စုဝန်ကြီးလမ်းညွှန်မှာကြားချက်အားလုပ်ငန်းလမ်းညွှန်အဖြစ်လိုက်နာဆောင်ရွက်ကြရေးမှာကြားလိုပါကြောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအပြင် အသွင်သဏ္ဍာန်/အနှစ်သာရ ရှိသောကျောင်းအဆောက်အဦများ ဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းနေပျော်၍စာတော်စေရေးများကို ရည်ရွယ်ဆောင်ရွက်လျက်ရှိကာ (၂၀၁၉-၂၀၂၀)ပညာသင်နှစ်တွင် (ထက်/လယ်/မူ) ကျောင်းပေါင်း (၅၂၅)ကျောင်း တို့အား အဆင့်တိုးမြှင့်ပေးနိုင်ခဲ့ပြီး စံချိန်စံညွှန်းနှင့်ပြည့်မီသောကျောင်းများ ဖြစ်စေရေး အတွက် (တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်)ကျောင်းအဆင့် ကြီးကြပ်ရေးကော်မတီအဖွဲ့များ အားဖွဲ့စည်း၍ ကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြီးကြပ်ဆောင် ရွက်ခဲ့ပါကြောင်း၊ နောင်လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်းပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် (၂၈.၉၀)ရာနှုန်း ဖြစ်ပြီး ယခင်(၂၀၁၈)ခုနှစ်ထက်(၁.၆၂)ရာနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသဖြင့် ယခုပညာ သင်နှစ်တွင် အောင်ချက်ရာနှုန်းတိုးတက်မြှင့်မားလာစေရန်အတွက် နှစ်စမှပင်စ၍ စီမံချက် များရေးဆွဲဆောင်ရွက်ကြရန်နှင့် အောင်ချက် (၂၀)ရာခိုင်နှုန်း အောက်ကျဆင်းခဲ့သောကျောင်းများအား လိုအပ်ချက်များပံ့ပိုးပေးနိုင်ရေး၊ ကျောင်းသား/ကျောင်းသူများ၏ဘာသာရပ်ရွှေးချယ်မှုမှန်ကန် စေရေး၊ အားနည်းသောဘာသာရပ်များအား ကျောင်းမိသားစုအစီအစဉ်ဖြင့် ဝိုင်းဝန်းဖြည့် ဆည်းသင်ကြားပေးရေး၊ တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခများ/ ဝါရင့်ဆရာ၊ဆရာမများအားဖိတ်ကြား၍ ဘာသာရပ်မွမ်းမံသင်တန်းများ/ အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးရေးများကို ပညာရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရေးတို့အား အကြံပြုလမ်းညွှန်မှာကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် တိုးတက်မြှင့်မားရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အထက်တန်းပြ ဆရာ/ ဆရာမများ(၁၂၆၉)ဦးလစ်လပ်လျက်ရှိသောကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် သင့်တော်သောမူများ ချမှတ်ဖြည့်ဆည်းပေးစေလိုပါကြောင်း ပညာရေးဝန်ကြီးထံတစ်ပါတည်းတင်ပြခဲ့ပြီး ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြတဲ့ ခရိုင်/မြို့နယ်ကျောင်းများနှင့် ကျောင်းသား/ကျောင်းသူများကိုလည်း အစိုးရအဖွဲ့ အနေဖြင့်ထူးချွန်ဆုချီးမြှင့်ပွဲများကျင်းပဆောင် ရွက်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုအားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေလျက်ရှိသကဲ့သို့ ပညာရေးဌာနမှ ဆရာ/ဆရာမများအနေဖြင့်လည်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းခွင်တွင်ပျော်ရွင်စွာ သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများက အခက်အခဲနှင့်လိုအပ်သည်များအား ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဆရာ/ဆရာမများ အပြင် ကျောင်းသားမိဘများအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းနေမြဲရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း နှင့်ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုမှန်သမျှကိုကျော်လွှားရင်ဆိုင်နိုင်ပြီး စိန်ခေါ်မှုတွေဟာ အခွင့်အရေးဖြစ်သွားမယ်လို့ သေချာစွဲမြဲစွာ ယုံကြည်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများကအထွေထွေဆွေးနွေးမေးမြန်းချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

25-Jun-2019