ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဖျာပုံမြို့ပြည်သူ့ဆေးရုံသို့ ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဖျာပုံမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ခန်း၌ ကျောက်ကပ်သွေးသန့်စင်နေသည့် လူနာများ၊ ကလေးကုသဆောင်၌ တက်ရောက်ကုသနေသည့် ကလေးလူနာများကို ကြည့်ရှုအားပေး စကားများ ပြောကြားခဲ့ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

10-Nov-2026