ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း အစည်းအ‌ဝေးသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံမြို၊ ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်၊ ဗေဒါခန်းမတွင်ပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း အစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ရာ ဆရာဇော်ဂျီရာပြည့်ကြည့်တိုက်ကော်မတီ အတွင်းရေးမှူးက ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဒေသအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သုတ၊ ရသစာအုပ်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆရာဇော်ဂျီစာကြည့်တိုက်ကြီးကို ဆက်လက်ရှင်သန် တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအစီအစဉ်များကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” မှာကြားခဲ့ပြီး စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

10-Nov-2026