ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် ဂျက်ကာ-စိန်တောင်-မော်တင်စွန်းလမ်း ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော်သည် ယနေ့နံနက်ပိုင်းက ဂျက်ကာ-စိန်တောင်-မော်တင်စွန်းလမ်း ၉၅ မိုင် အတွင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း၊ ကြိုတင်ရောကျောက်ကတ္တရာဖြင့် ကတ္တရာလမ်းပေါက် ဖာထေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ မိုင်တိုင်၅၆မိုင်မှ ၅၆မိုင် ၁ဖာလုံကြားရှိ အမှတ်(၁/၅၇)တင်းချောင်းတံတား(ပုသိမ်ဘက်ခြမ်း) အား တောင်ကျရေတိုက်စားမှုကြောင့် မြေသား ပြိုကျပျက်စီးမှုအား မျောတုတ်ရိုက်၊ သဲအိတ်စီ၍ မြေထိန်းနံရံတည်ဆောက်ခြင်း၊ ချောင်းကျောက်ရော‌မြေဖြည့်ခင်းခြင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။

04-Nov-2026