ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ကျောက်ကပ်စင်တာသို့ သွားရောက်၍ လူနာများ ကျောက်ကပ်သွေးသန့်စင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေး
ပုသိမ် အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင်အတူ ပုသိမ်မြို့၊ မဉ္ဇူလမ်းရှိ မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ကျောက်ကပ်စင်တာသို့ သွားရောက်၍ လူနာများ ကျောက်ကပ်သွေးသန့်စင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျောက်ကပ်စင်တာအတွက် အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
29-Oct-2026