ရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအစည်းအဝေးသို့တက်ရောက်
ပုသိမ် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ၂၃.၁၀.၂၀၂၆ နေ့တွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအစည်းအဝေးသို့တက်ရောက်ပြီး ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ အသေးစားဆိုလာစိုက်ပျိုးရေရရှိရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ကျေးရွာတွင်းလမ်း၊ ခေတ်မှီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
23-Oct-2026