ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်-ကွင်းကောက်လမ်း မူလ ၁၂ ပေ မှ ၁၈ ပေ အကျယ် ၂ ဖာလုံ လမ်းချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်-ကွင်းကောက်လမ်း မူလ ၁၂ ပေ မှ ၁၈ ပေ အကျယ် ၂ ဖာလုံ လမ်းချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ လမ်းပိုင်းအလိုက် လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေးနှင့် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်း စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

23-Oct-2026