ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ ငဝန်တာရေကျော်စီးဝင်မှုကြောင့် ပျက်စီးခဲ့သောလမ်းများ ပြန်လည်ပြုပြင်မှုအ‌ခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည်တာဝန်ရှိသူများနှင်အတူ လေးမျက်နှာမြို့သို့ ရောက်ရှိ၍ ငဝန်တာရေကျော်စီးဝင်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သဖြင့် ပျက်စီးခဲ့သောလမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်‌နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ အမှတ် (၂)ရပ်ကွက်ရှိ ဇီဝကလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အမှတ်(၃)ရပ်ကွက်ရှိ ဗန္ဓုလလမ်းပျက်စီးမှု၊ အမှတ်(၄)ရပ်ကွက်ရှိ ရန်ကြီးအောင်လမ်းပျက်စီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပိုင်းပျက်စီးမှုအများဆုံးဖြစ်ပွားသည့် နေရာများ၌ ပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်၊ လမ်းများပြုပြင်ရာတွင် လမ်းဘေးဝဲယာ ရေစီးရေလာ ကောင်းမွန်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေကို အဆင့်ဆင့်ကြီးကြပ်စစ်ဆေး၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၆-၂ဝ၂၇ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော သခွတ်ချောင်းအုပ်စု၊ ကျွန်းတဲကျေးရွာ‌၌ ရေပေါ်လူကူးတံတား အလျား၄၀၀ပေ၊ အကျယ် ၆ ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

23-Oct-2026