ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားများ တက်ရောက်

ပုသိမ် အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများက မိဘပြည်သူများထံ ဆေးထိုးစုရပ်နှင့်အချိန်ဇယားများ မှန်ကန်စွာရောက်ရှိရေး၊ သတင်းစကားများ အသိပေးနိုင်ရေးနှင့် ဆေးထိုးရန်ကျန်ရှိသော ကလေးများအားရှာဖွေ၍ ထိုးနှံပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုဆောင်ရွက်မည့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ” ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည်သည်တော်များသည် ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း ဗီဒီယိုပြသမှုနှင့် ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

19-Oct-2026