ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ၁၈.၁ဝ.၂ဝ၂၆ နေ့ နေ့လယ်ပိုင်းတွင် ဖျာပုံမြို့နယ် ဆည်မြောင်းဧည့်ရိပ်သာ၌ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ ဇင်းဘောင်ကျွန်းပတ်တာဆောင်ရွက်နိုင်မှုအခြေအနေများကြောင့်နွေစပါးစိုက်ဧကများတိုးတက်လာမည့်အခြေအနေများ၊၂၀၂၆ -၂၀၂၇ နွေစပါးလျာထားဧက ပြည့်မှီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး၊ အရည်အသွေး ကောင်းမွန်စွာထွက်ရှိနိုင်ရေးစသည့်အခြေအနေများအားဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
18-Oct-2026