ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် နိုင်ငံတကာပြိုင်ပွဲများနှင့် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်
ပုသိမ် အောက်တိုဘာ ၁၈
နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်များက နိုင်ငံတကာပြိုင်ပွဲများနှင့် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်း ဒသကြီး ကိုယ်စားပြု အားကစားသမားများကို ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုခဲ့ပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများ၏ ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာ “ယနေ့ကျင်းပသည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုသည့် မင်္ဂလာတရားတော်နှင့် အညီ ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း ဒေသကြီး၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်မားတိုးတက်စေခြင်းဖြစ်၍ ယခုကဲ့သို့ ဂုဏ်ပြု ချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအနေဖြင့် အောင်မြင် မှုကို ဆက်လက်ထိန်းသိမ်းသွား ကြရန်နှင့် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်သွားကြရန် လိုပါကြောင်း၊ နောင်လာမည့်ပြိုင်ပွဲများ တွင်လည်း မိမိတို့၏ ဇွဲ၊ လုံ့လ၊ ကြိုးပမ်းအားထုတ် လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓါတ်များနှင့် ပေါင်းစပ်ပြီး ယခုထက် ပိုမိုအောင်မြင်ရေးအတွက် ဆက်လက်ကြိုးစားအားထုတ်ကြရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန်” ဂုဏ်ပြု စကားပြောကြားပြီးနောက် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရရှိခဲ့သည့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့သည်။
ထို့နောက် နိုင်ငံတကာပြိုင်ပွဲများနှင့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများတွင် ကာယကြံ့ခိုင်မှု၊ စစ်တုရင်(U-18)၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ U-18ပြေးခုန်ပစ် (တုတ်ထောက်ခုန်)၊ U-18အမျိုးသား ဘောလုံးပြိုင်ပွဲ၊ U-19အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ Teqball နှစ်ယောက်တွဲ၊ ရေကူး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရိုးရာလက်ဝှေ့၊ ပန်ကြပ်ဆီလတ် အစရှိသည့် အားကစားနည်းများဖြင့် ရွေ၊ ငွေ၊ ကြေးဆုတံဆိပ်ဆုများရရှိခဲ့သည့် အားကစားသမားများနှင့် အားကစားနည်းများအလိုက် အုပ်ချုပ်၊ နည်းပြများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတကာပြိုင်ပွဲများနှင့် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအားကစားသမားများကို ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။