စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
ပုသိမ် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ၁၄-၁၀-၂၀၂၆ နေ့တွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးပီးစီးမှု၊ နွေစပါးလျာထားစိုက်ဧက၊ ဆောင်းဆီထွက်သီးနှံများလျာထားစိုက်ဧကပြည့်မှီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိမည့်အခြေအနေများကိုဆွေးနွေးညှိနှိုင်းမှာကြားခဲ့ပီး ဟင်္သာတမြို့နယ် ခေါင်းဆေးကျွန်းကျေးရွာမှ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများ၏ တင်ပြချက်များအပေါ်ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့၍ ဒေသခံတောင်သူကြီးများ၏ ပဲပုပ်နှင့် ငရုပ်စိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။