ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် မြောင်းမြစက်မှုဇုန်အား ကြည့်ရှု့စစ်ဆေး

၂၀၂၆ အောက်တိုဘာ ၄

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရာလ်ကျုံး၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြောင်းမြစက်မှုဇုန်သို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။

ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် မနောသုခဆန်စက်ဝန်းအတွင်း ဌာနဆိုင်ရာများ၊ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များ နှင့်တွေ့ဆုံခဲ့ပြီး မြောင်းမြစက်မှုဇုန်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ စစ်ဆေးရန် ကျန်ရှိနေသေးသည့်အတွက် စစ်ဆေးရန်လိုအပ်ကြောင်း၊ စက်မှုထုတ်လုပ်မှု့လုပ်ငန်းများအနေဖြင့် ထပ်မံတိုးတက်ကြရန်အတွက်ကြိုးစားကြရန်လိုအပ်ကြောင်း၊ စက်မှုဇုန်အတွင်း ဆန်စက်များ အများဆုံးဖြစ်သည့်အတွက် ဆန်စပါးနှင့်ပတ်သက်သော update လုပ်ငန်းများ ထပ်မံလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ မြောင်းမြစက်မှုဇုန်ရုံးဖြစ်မြောက်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် စက်မှုဇုန်အတွင်းရှိ ဆန်စက်များ ဆိုလာစနစ်ဖြင့်လည်ပတ်နေမှုများ၊ ဆန်စက်များမှ စပါးများသိုလှောင်ထားရှိမှုများ၊ စက်မှုဆက်စပ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းခွင် နှင့် သွပ်ပြားစက်ရုံများလို့ လိုက်လံကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

04-Oct-2026