ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် အထက်ပြွန်ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားဓါတ်အားပေးစနစ်စီမံကိန်း (Mini-Grid) ကြည့်ရှုစစ်ဆေး

၂၀၂၆ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက အထက်ပြွန်ကျေးရွာ အုပ်စု၊ အထက်ပြွန်ကျေးရွာတွင် Kenta Technology Co.,ltd(၈၀%)နှင့် ကျေးရွာမှ(၂၀%)ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် အသေးစားဓါတ်အားပေးစနစ်စီမံကိန်း(Mini-Grid)စက်ရုံအား သွား ရောက်ကြည့်ရှုရာ မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့် Kenta Technology Co.,ltdမှ ဦးကျော်ဇေယျ (Senior Electrical Engineer)တို့မှ စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော အထက်ပြွန်ကျေးရွာမြေသားရေကန်အား သွားရောက်ကြည့်ရှုခဲ့ပြီး အသေးစားဓါတ်အားပေးစနစ်စီမံကိန်းဖြင့် အသေးစား စက်မှုလုပ်ငန်းသုံးဆောင်ရွက်နေသည့် အထက်ပြွန်ကျေးရွာမှ ဦးကျော်ဌေး တွင်ခုံ/စက်ပြင်အလုပ်ရုံ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်ပြီး အ.ထ.က အထက်ပြွန်စာသင်ကျောင်း ပညာမဏ္ဍိုင် ခန်းမတွင်တောင်သူလယ်သမားဦးကြီးများ၊ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရေပေးရေး ကော်မတီဝင်များ၊ မီးလင်းရေးကော်မတီဝင်များနှင့်တွေ့ဆုံပြီး ဒေသလိုအပ်ချက်များအား တင်ပြ ချက်များအပေါ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

04-Oct-2026