ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဘိလိယက်နှင့်စနူကာအားကစားရုံသစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၆ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း ဘိလိယက်နှင့် စနူကာ အားကစားရုံသစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၍ ဘိလိယက်နှင့် စနူကာအားကစားရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာ အားကစားရုံသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အမျိုးသားစနူကာပြိုင်ပွဲဗိုလ်လုပွဲအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲပြုလုပ်ရာ အမျိုးသမီး 9Ball ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားစနူကာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်၊ ငွေသား ဆုနှင့် ဆုဖလားကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသားဘိလိယက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

03-Oct-2026