ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေး အလံပေးအပ်

၂၀၂၆ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ၁ - ၁၀ - ၂၀၂၆ ရက်နေ့တွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အောင်မြင်မှုများရရှိရန် အမြဲမပြတ် လေ့ကျင့်၍ ဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်” မှာကြားပြီး အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

03-Oct-2026