ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အိုင်သပြုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် စခန်းသွင်းသင်ကြားပေးနေသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာချက်ပြုတ်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေး

၂၀၂၆ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် စခန်းသွင်းသင်ကြားပေးနေသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ အတွက် နေ့လယ်စာ ချက်ပြုတ်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ၊ ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမပြတ်တောက်စေရေး၊ ယာယီပိတ်ခဲ့ရသည့် ကာလအတွင်း သင်ခန်းစာများကို ပြန်လည်အစားထိုး သင်ကြားပေးနိုင်ရေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး၊ ဂုဏ်ထူးရထူးချွန်ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းများကိုအားကြိုးမာန်တက် ဆောင်ရွက်ပေး ကြရန်မှာကြားခဲ့ပြီး လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသော သောက်ရေ၊ သုံးရေများရရှိရေး၊ စားသောက်နေထိုင်ရေးကိစ္စရပ်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းအတွက် ရေသန့်စက်၊ ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

03-Oct-2026