ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ပုသိမ်မြို့ ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ယာသို့ သွားရောက်ကြည့်ရှူ့စစ်ဆေး
၂၀၂၆ အောက်တိုဘာ ၃
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် သည် မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမျိုးခိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ပြည်တော်အေးနိုင်ငံဝန်ထမ်းအိမ်ရာသို့သွားရောက်၍ နိုင်ငံဝန်ထမ်းအိမ်ရာအတွင်း နေထိုင်သူများအားတိုက်ဆိုင်စစ်ဆေးခဲ့ပြီး အသစ်ဆောက်လုပ်နေသော ၄ ခန်းတွဲ၊ ၄ ထပ်အိမ်ယာ RCC အဆောက်အဦအား လိုက်လံကြည့်ရှူစစ်ဆေးခဲ့ပါသည်။
03-Oct-2026