လေးမျက်နှာမြို့အတွင်း ရေများမကျန်ရှိစေရေးအတွက် မြို့ပတ်တာတွင် ရေမြောင်းတူးဖော်၍ ရေဖောက်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

၂၀၂၆ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့အတွင်း ရေများမကျန်ရှိစေရေးအတွက် မြို့ပတ်တာတွင် ရေမြောင်းတူးဖော်၍ ရေဖောက်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန် စေရေး၊ ရေမြောင်းများ စနစ်တကျ တူးဖော်ပေးရေးနှင့် ရေစီးဆင်းမှု အဟန့်အတားဖြစ်စေနိုင်သည့် အရာများကို ရှင်းလင်းဖယ်ရှားပေးရေးမှာကြားခဲ့သည်။

ဆက်လက်၍ လေးမျက်နှာမြို့အမှတ်(၄) ရပ်ကွက်ရှိ အောင်မင်္ဂလာဈေးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ ဈေးရောင်းဝယ်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိသည့် ဈေးတစ်ခုဖြစ်စေရေး ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ ဆက်လက်၍ ရေပြန်လည်ကျဆင်းသဖြင့် လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

02-Oct-2026