လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာနမှ ရေလွှမ်းဒေသရှိ စပါးသီးနှံပြန်လည်စိုက်ပျိုးမည့် လယ်မြေများတွင် ထွန်ယက်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
၂၀၂၆ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာနမှ ရေလွှမ်းဒေသရှိ စပါးသီးနှံပြန်လည်စိုက်ပျိုးမည့် လယ်မြေများတွင် ထွန်ယက် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော စပါးစိုက် တောင်သူများအား စပါးမျိုးစေ့များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
02-Oct-2026