ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျပြီး ရေကျော်စီးဝင်မှုကြောင့် ရေလွှမ်းမိုး ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာတွင် ပြုလုပ်သည့် ရေလွှမ်းဒေသရှိ မိုးစပါးပြန်လည်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် စတင်နိုင်ရေး၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုနှင့် နည်းပညာ အကူအညီများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း၍ အချိန်မီပံ့ပိုးဆောင်ရွက်ပေးရန် မှာကြားကာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော စပါးစိုက်တောင်သူများအား စပါးမျိုးစေ့များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ အုတ်ပုံရိုး ရေထွက်မြောင်း တိုးချဲ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။