ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေး

ပုသိမ် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဧရာဝတီစာကြည့်တိုက်သို့သွားရောက်၍ ပြည်သူများ စာပေလာရောက်ဖတ်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်များတွင် ခေတ်စနစ်နှင့် လျော်ညီသည့် သုတ/ရသ စာအုပ် စာစောင် အသစ်များတိုးပွားအောင် ဖြည့်တင်းပေးမှသာ စာဖတ်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ၏ စာဖတ်လိုစိတ်နှင့် လေ့လာလိုစိတ်ကို ပိုမိုလှုံ့ဆော်ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ စာပေမှတစ်ဆင့် အသိပညာများ စဉ်ဆက်မပြတ် လေ့လာ နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်တက်အောင် ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း” ပြောကြားပြီး သုတ၊ ရသ စာအုပ်များစုံလင်စွာထားရှိစေရေး၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဆောင်းပါးများ စုံလင်စွာထားရှိစေရေး၊ စာဖတ်သူများပိုမို စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှုနိုင်ရေးပြင်ဆင်ထားရှိစေရေး၊ စာအုပ်များပျက်စီးမှုများမဖြစ်ပေါ်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့သည်။

01-Oct-2026