လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်များက အလှူငွေများလှူဒါန်း
ပုသိမ် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်များက အလှူငွေကျပ်သုံးဆယ့်ရှစ်သိန်းငါးသောင်းအားလာရောက် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
01-Oct-2026