ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်မြို့နယ်၊ ရွှေနဂါးမင်း Manufacturing Co.,Ltd ၏ အုန်းချိုမွှေးအပင်စိုက်ပျိုးထားရှိမှုနှင့် ငါးမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပေး

ပုသိမ် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့နယ်၊ တမလိုကျေးရွာရှိ ရွှေနဂါးမင်း Manufacturing Co.,Ltd သို့သွားရောက်၍ စိုက်ဧက ၈ ဧကတွင် အုန်းချိုမွှေးအပင် ၁၀၀၀ နှင့် သရက် အပင် ၂၀၀ စိုက်ပျိုးထားရှိမှုနှင့် ငါးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီဥက္ကဋ္ဌက ငါးမွေးကန်၂၆ လုံး၊ ပြုစုကန် ၁၂ လုံး စုစုပေါင်း ၃၈ လုံးဖြင့် ငါးမြစ်ချင်း ၉၂၀၇၀၀ ကောင်၊ ငါးခေါင်းပွ ၅၁၁၅၀ ကောင်၊ ငါးကြင်း ၃၀၆၉၀၀ ကောင်၊ စုစုပေါင်း ၁၂၇၈၇၅ဝ ကောင် မွေးမြူထားရှိပြီး စုစုပေါင်းထုတ်လုပ်မှုမှာ ၂၂၅၅ တန်ရှိကာ ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချမှုအခြေအနေများ၊ ဒေသတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တို့အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက်များရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

25-Dec-2026