ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်မြို့နယ်၊ မလက်တိုကျေးရွာရှိ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့နယ် မလက်တိုကျေးရွာရှိ စိုင်းသီဟ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိကာ အအေးခန်း အသားတိုး ကြက်ခြံ ၈ ခြံတွင် အသားတိုးကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီးနောက် ရှင်းလင်းဆောင်၌ ခြံပိုင်ရှင်က ၂၀၁၅ ခုနှစ်မှစ၍ အသားတိုးကြက်များကို နှစ်စဉ် တိုးတက်မွေးမြူလာမှု၊ ယခုအချိန်တွင် အအေးခန်းအသားတိုးကြက်ခြံများအဖြစ်သို့ ပြောင်းလဲပြီး ကြက်အကောင်ရေ ၁၅၅၀၀၀ ခန့်ဖြင့် မွေးမြူလျက်ရှိကာ တိုင်းဒေသကြီးအတွင်းနှင့် တိုင်းပြင်ပသို့ ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ အသားတိုးကြက်မွေးမြူရေးခြံမှ ၂၀၂၅ ခုနှစ်အတွင်း ကြက်သားပိဿာချိန် ၁၅.၆ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး နှစ်စဉ်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို ဒေသတွင်းနှင့် ၁၀ ရာခိုင်နှုန်းကို ပြင်ပသို့ တင်ပို့ရောင်းချမှု အခြေအနေများနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း အသား၊ ငါး၊ ဥ ဖူလုံပိုလျှံမှုရှိစေရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ထုတ်လုပ်မှုစရိတ်လျော့နည်းစေရေး၊ ကုန်ဈေးနှုန်းကျဆင်းစေရေး တို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။