ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှူများ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
ပုသိမ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် i Green Development and Engineering Groupက အလှူငွေ ကျပ်သိန်းတစ်ရာ့သုံးဆယ်ကိုလည်းကောင်း၊ ဦးအောင်တင်စိုး + ဒေါ်ချစ်စုဝင်းတို့က အလှူငွေ ကျပ်သိန်းခုနှစ်ဆယ်ကိုလည်းကောင်း၊ Shwe Wah Nadi Agriculture Co.,Ltd က အလှူငွေ ကျပ်သိန်းငါးရာကိုလည်းကောင်း လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
15-Sep-2026