ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှူများ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

ပုသိမ် စက်တင်ဘာ ၁၅

(၁၄-၉-၂၀၂၆)ရက်နေ့ နံနက်ပိုင်းကလည်း ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် Supreme Trading Co.Ltd က အလှူငွေကျပ် တစ်ရာသုံးဆယ်ငါးသိန်းကိုလည်းကောင်း၊ ဦးထွန်းကြည်+ဒေါ်ဟော်လင်လန့်(ဘက်စုံမွေးမြူရေး)က အလှူငွေကျပ်သိန်းသုံးဆယ်နှင့် ဘဲဥ(၅ဝဝဝ)လုံးကိုလည်းကောင်း၊ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်လူမှုကူညီရေးအဖွဲ့က ငွေကျပ်နှစ်ထောင်ခြောက်ရာလေးဆယ်ခြောက်သိန်း ခုနှစ်သောင်းငါးထောင် တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ တာပေါ်လင်မိုးကာများကိုလည်းကောင်း လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

15-Sep-2026