ငါးသိုင်းချောင်းမြို့အတွင်း ရေကျဆင်းမှုအခြေအနေနှင့် ရွှေဘိုရပ်ကွက်အတွင်း ဝင်ရောက်လျက်ရှိသောရေများ အမြန်ဆုံးကျဆင်းနိုင်ရေး ရေစီးဆင်းနေသည့် လမ်းကြောင်းများ ရေစီးရေလာကောင်းမွန်အောင်အမြန်ဆုံးဆောင်ရွက်လျက်ရှိ

ရေကြည် စက်တင်ဘာ ၁၃

လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခြင်းကြောင့် ငါးသိုင်းချောင်းမြို့အတွင်း ရေကျဆင်းမှုအခြေအနေနှင့် ရွှေဘိုရပ်ကွက်အတွင်း ဝင်ရောက်လျက်ရှိသောရေများ အမြန်ဆုံးကျဆင်းနိုင်ရေး ရေစီးဆင်းနေသည့်လမ်းကြောင်းများ ရေစီးရေလာကောင်းမွန်အောင် အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက်ယနေနံနက်ပိုင်းက ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် တိုင်းအဆင့်အကြီးကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းတို့မှကွင်းဆင်းကြည်ရှု့ခဲ့ကြောင်းသိရသည်။

အဆိုပါရပ်ကွက်အတွင်း ဝင်ရောက်လျက်ရှိ‌နေသောရေများ အမြန်ဆုံးကျဆင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအားမှာကြားခြင်း၊ မြို့သစ်ရပ်ကွက်၊ ရိုးမြောင်းအား ရေစီးရေလာကောင်းမွန်၍ မြို့အတွင်း ဆန်းသစ်အောင်ဆီဆိုင်ဘေးရှိ ရေများအား အမြန်ဆုံးကျဆင်းနိုင်ရေး စက်ယန္တရားဖြင့် ဆောင်ရွက်နေသည်ကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားဆောင်ရွက်ခြင်း၊ ငှက်သိုက်ကျေးရွာအုပ်စုရှိ လယ်မြေများအတွင်း ရေများကျဆင်းသွားပြီဖြစ်၍ အချိန်မီ စပါးများပြန်လည်စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့သိရသည်။

13-Sep-2026