ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်ခရိုင်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ပုသိမ် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးဖြစ်ပွားခဲ့သည့် ကျုံ‌ပျော်ခရိုင်အတွင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့၊ မင်္ဂလာကံဦး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရေပြန်လည်ကျဆင်း၍ မိမိတို့နေရပ်များတွင် ပြန်လည်နေထိုင်ကြမည့် ရေဘေးသင့်ပြည်သူများကို တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးစကားများ ပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

12-Sep-2026